ကုမ္ပဏီ (၂)ခုမှ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းလာသည့် EV ကားများနှင့် EV ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ EV ယာဉ်များမှာ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းလာသည့်ယာဥ်များဖြစ်သည်။
ယခုထပ်မံ ရောက်ရှိလာသည့် ယာဉ်များမှာ Grand Sirius Co., Ltd. မှ တင်သွင်းလာသော NETA U အမျိုးအစား EV ကားများနှင့် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော YADEA အမျိုးအစား EV ဆိုင်ကယ်များဖြစ်သည်။
အဆိုပါ EV ကားများနှင့် EV ဆိုင်ကယ်များအား စက်တင်ဘာ (၂၀) ရက်က လုပ်ထုံးလုပ် နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။