တရုတ်‌၌လေဆင်နှာမောင်းကြောင့် ၁၀ ဦးသေဆုံး၊ပိုမိုပြင်းထန်သောရာသီဥတုအခြေနေနဲ့ကြုံရနိုင်ဖွယ်ရှိဟုဆို

0
250

ပေကျင်း၊စက်တင်ဘာ ၂၁

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ကြောင်းသိရှိရကာ နောက်ပိုင်းရက်များတွင် မိုးကြီး၊လေပြင်းသောရာသီဥတုပါဆက်လက်ဖြစ်ပေါ်‌နိုင်သည်ဟု သက်ဆိုင်ရာကသတိပေးချက်ထုတ်ပြန်ထားသည်။

ယခုဖြစ်ပေါ်သွားသောလေဆင်နှာမောင်းသည် အချိန်အရမ်းမကြာသော်လည်း အပျက်အစီးများသည်ဟုသိရသည်။ လေဆင်နှာမောင်းကြောင့် ကားများပက်လက်လန်ကာ၊လျှပ်စစ်ဓာတ်အားပေးစနစ်ချို့ယွင်းသွားပြီး အချို့သောအပျက်အစီးများသည် လေပေါ်၌ပျံဝဲနေကြသည်ကိုတွေ့ရသည်။

ယခုလေဆင်နှာမောင်းကြောင့် Suqin ဒေသ၌ လူငါးဦးသေဆုံးကာ လေးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ပြင်းထန်သည့်တိုက်ခတ်မှုကြောင့် အိမ်ခြေ‌ ၁,၆၄၆ လုံးပျက်စီးခဲ့ပြီး သီးနှံစိုက်ပျိုးမြေဧကပေါင်းများစွာလည်းပျက်စီးသွားကြောင်းသိရသည်။

ယင်းနောက် လေဆင်နှာမောင်းသည် Yancheng ဒေသကို ထပ်မံဝင်ရောက်တိုက်ခတ်ခဲ့ရာ လူငါးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း CCTV သတင်းဌာနကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here