ပြည်မြို့တွင် ကားတစ်စီးမှ ဆိုင်ကယ်အားတိုက်ပြီး မောင်းပြေး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

0
262

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ပြည် – ပေါက်ခေါင်းသွား ကားလမ်းမကြီးပေါ်တွင် ကားတစ်စီးမှ ဆိုင်ကယ်အားဝင်တိုက်မိပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့မှု ယနေ့ စက်တင်ဘာ (၂၁)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ယနေ့ နံနက် (၉) နာရီခန့်က ကားတစ်စီးမှ ပြည်မြို့ရှိ ပြည် – ပေါက်ခေါင်းသွားကားလမ်း၏ မှော်ဇာလမ်းထိပ်တွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ကားသမားမှာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

“သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ပါ။ ညာဘက်ပေါင်ကျိုး၊ အရေပြားလန်၊ ဘယ်/ညာ လက်နှစ်ဖက်ကျိုး၊ နှုတ်ခမ်းကွဲနဲ့ မျက်နှာပွန်းပဲ့ ဒဏ်ရာတွေရသွားပါတယ်။ ဒဏ်ရာအခြေအနေက ပြင်းထန်ပါတယ်။ ကားက မောင်းပြေးသွားတာ၊ တာဝန်ရှိတဲ့လူတွေက လိုအပ်တာတွေ လုပ်နေကြတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here