ဂျပန် – မြန်မာ ချစ်ကြည်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အသေးစိတ်ဆွေးနွေး

0
258

ဂျပန် – မြန်မာ ချစ်ကြည်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ဂျပန် – မြန်မာ ချစ်ကြည်ရေးအသင်း၏ ဒု – ဥက္ကဋ္ဌ Mr. Watanabe Yusuke တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးမှ ဂျပန် – မြန်မာချစ်ကြည်ရေးအသင်း ဒု-ဥက္ကဋ္ဌ Mr. Watanabe Yusuke အား စက်တင်ဘာ (၂၀) ရက်နံနက် (၁၀)နာရီက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် ဂျပန်-မြန်မာ ချစ်ကြည်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here