(၅) လတာ ကာလအတွင်း မြန်မာနိုင်ငံမှ ပျားရည် မက်ထရစ်တန်ချိန် ၁,၀၀၀ ကျော် ပြည်ပသို့ တင်ပို့နိုင်ခဲ့

0
249

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ (၅) လတာ ကာလအတွင်း မြန်မာနိုင်ငံမှ ပျားရည်မက်ထရစ်တန်ချိန် ၁,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပျားမွေးမြူရေးဌာနခွဲမှ သိရသည်။

အဆိုပါ ကာလအတွင်း ပျားရည်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆ သန်း ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပျားရည်ကို တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့လျက်ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည်ဟု မျှော်လင့်ထားကြောင်း ပျားမွေးမြူရေးဌာနခွဲမှ သိရသည်။

လက်ရှိတွင် ပျားမွေးမြူရေးကို စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မွေးမြူလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် နှစ်စဉ်ပျားရည် တန်ချိန် ၇,၀၀၀ ခန့်ထုတ်လုပ်နိုင်ပြီး ၂၀၂၃ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ပျားရည် အပါအဝင် မြန်မာနိုင်ငံမှ တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၁၅ သန်းခန့် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here