MNA လေကြောင်းလိုင်း၏ ပထမဆုံး ကုန်တင်လေယာဉ်ခရီးစဉ်အဖြစ် ဘန်ကောက်သို့ ကုန်စည် ၁၅ ဒသမ ၉ တန် စတင်ပို့ဆောင်

0
294

မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် MNA Cargo ကုန်တင်လေယာဉ်၏ ပထမဆုံး ကုန်စည်ခရီးစဉ်ကို စက်တင်ဘာာ (၁၉)ရက်က ထိုင်းနိုင်ငံ ဘန်ကောက်သို့ ကုန်စည် ၁၅ ဒသမ ၉ တန် ပို့ဆောင်ပြီး စတင်ပြေးဆွဲခဲ့ကြောင်း MNA လေကြောင်းလိုင်းမှ သိရသည်။

MNA လေကြောင်းလိုင်း ပထမဆုံး Cargo ကုန်တင်လေယာဉ်ခရီးစဉ်ကို Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်ဖြင့် စတင်ပျံသန်းပြေးဆွဲခဲ့ရာ ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လေဆိပ်သို့ဆိုက်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

MNA လေကြောင်းလိုင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များအတွက် အသုံးပြုမည့် Boein g 737-400 Cargo လေယာဉ်မှာ စက်တင်ဘာ (၁၅) ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ Cargo လေယာဉ်မှာ တန်ချိန်အားဖြင့် (၁၈) တန်အထိ သယ်ဆောင်နိုင်မည့်အပြင် ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍ မရနိုင်သော Dangerous Goods များလည်း ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here