စက်တင်ဘာ တတိယ (၁၀) ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ် တစ်ကြိမ်ဖြစ်နိုင်

0
157

စက်တင်ဘာလ တတိယ (၁၀) ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ယင်းမှတဆင့် အားကောင်းလာကာ မုန်တိုင်းငယ်အ ဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ယင်းအပြင် အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ကြောင်းလည်း ဖော်ပြထား သည်။

အဆိုပါ ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇) ရက်မှ (၉) ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း၊မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၄) ရက်မှ (၆) ရက်အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ (၂၂) ရက်မှ (၂၇) ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် စက်တင်ဘာ (၂၈) ရက်မှ အောက်တိုဘာ (၃) ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာသွားဖွယ်ရှိသည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here