မန္တလေးမြို့၌ ဆေးရုံတက်ရန်လာသည့် သံဃာတော်တစ်ပါး တည်းခိုခန်းတစ်ခုတွင် ပျံလွန်တော်မူသွား

0
332

မန္တလေးမြို့၌ ဆေးရုံတက်ရန်လာသည့် သံဃာတော်တစ်ပါး တည်းခိုခန်းတစ်ခုတွင် ပျံလွန်တော်မူနေသည်ကို စက်တင်ဘာ (၂၁) ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ရကြောင်း သိရသည်။

ပျံလွန်တော်မူသွားခဲ့သည့် သံဃာတော်သည် ကျန်းမာရေးမကောင်းသဖြင့် မန္တလေးမြို့၌ ဆေးကုသရန်လာရောက်စဥ် အချိန်မရသဖြင့် ရောက်ရှိနေသည့်နေရာမှ နီးစပ်ရာတည်းခိုခန်းတစ်ခုတွင် ဝင်ရောက်တည်းခိုခဲ့ရာ ယနေ့နံနက်ပိုင်းက တည်းခိုခန်းဝန်ထမ်းများမှ အာရုဏ်ဆွမ်းကပ်ရန်သွားရောက်ပင့်ဆောင်ရာ ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ပျံလွန်တော်မူသွားတဲ့ သံဃာတော်က ကျန်းမာရေးမကောင်းလို့ မန္တလေးမှာဆေးရုံတက်ဖို့လာရင်း အချိန်မရတဲ့အတွက် တခြားနေရာလည်း သွားဖို့မလွယ်တော့ နီးစပ်ရာတည်းခိုခန်းမှာ တည်းဖို့ခွင့်တောင်းခဲ့တယ်။တည်းခိုခန်းခမပါလို့ သူ့ဆီမှာရှိတဲ့ ဟန်းဆက်ကို ရောင်းခိုင်းပြီး တည်းခိုခန်းခနဲ့ သူ့အတွက် ဆေးဝယ်ခိုင်းခဲ့တယ်လို့သိရပါတယ်။ ဟန်းဆက်ထဲမှာရှာကြည့်တော့ သူ့အဖေရယ် သူ့ဆွေမျိုးတွေရယ်နဲ့အဆက်အသွယ်ရတယ်။ ဇာတိက တန့်ဆည်ဘက်ကလို့သိရပါတယ်”ဟု ဖြစ်စဥ်အားလိုက်ပါဆောင်ရွက်ပေးခဲ့သည့် ဆရာတော်က မိန့်ကြားတော်မူခဲ့သည်။

အဆိုပါ သံဃာတော်ပျံလွန်တော်မူနေခြင်းအား မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် ဖွဲ့ဝင်ဆရာတော်များ၊သက်ဆိုင်ရာတာဝန်ရှိသူများက ကြွရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပျံလွန်တော်မူနေသည့် သံဃာတော်၏ရုပ်အလောင်းအား တာဝန်ရှိသူများ၏ စစ်ဆေးမှုပြီးသည့်အချိန်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး ရေခဲတိုက်သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here