ကုလသမဂ္ဂ၌ မြောက်ကိုရီးယားနှင့်ရုရှားတို့၏ ‘တရားမ၀င်’ စစ်ရေးဆက်ဆံမှုကို မီးမောင်းထိုးပြမည်ဟုတောင်ကိုရီးယားသမ္မတဆို

0
269

ဆိုးလ်၊စက်တင်ဘာ ၂၀

မြောက်ကိုရီးယားနှင့်ရုရှားတို့၏ ရှားပါးလှ‌သောတွေ့ဆုံမှုကိုအကြောင်းပြု၍ တောင်ကိုရီးယားသမ္မတက ကုလသမဂ္ဂ၌ ၎င်းတို့နှစ်နိုင်ငံ၏ အန္တရာယ်များပြီးတရားဝင်မဟုတ်သည့်ဆက်ဆံရေးနှင့်ပတ်သက်ကာ အလေးပေးပြောကြားရန်စီစဥ်ထားကြောင်းသိရှိရသည်။

မစ္စတာယွန်းသည် တနင်္လာနေ့၌ နူးယော့ခ်မြို့သို့ရောက်ရှိချိန်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့်ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းလည်းသိရသည်။

မစ္စတာယွန်း၏ ကုလသမဂ္ဂ၌မိန့်ခွန်းပြောကြားရမည့်အချိန်သည် ကင်မ်၏ရုရှားခရီးစဉ်ပြီးခါစအချိန်လည်းဖြစ်သကဲ့သို့ အဆိုပါခရီးစဉ်အတွင်း မြောက်ကိုရီးယားနှင့်ရုရှားတို့သည် နှစ်နိုင်ငံကြား စစ်ရေးအရဆက်ဆံမှုကို တိုးမြှင့်ရန်လည်းကတိပြုခဲ့ကြသေးသည်။

မြောက်ကိုရီးယားနှင့်ရုရှားတွေ့ဆုံမှုသည် ယူကရိန်းစစ်အတွက်အသုံးပြုရန် ရုရှားကို မြောက်ကိုရီးယားက လက်နက်ထောက်ပံ့ပေးမည့်ခရီးစဉ်ဖြစ်သွားမည်ကို ဆိုးလ်နှင့်ဝါရှင်တန်တို့အား စိုးရိမ်မှုဖြစ်ပေါ်စေခဲ့ပြီး မြောက်ကိုရီးယားကလည်း ၎င်း၏နျူနှင့်ဒုံးကျည်ဖွံ့ဖြိုးရေးအတွက် ရုရှားထံမှနည်းပညာအကူအညီရယူနိုင်ခြေလည်းရှိနေသည်။

၎င်းမိန့်ခွန်း၌ မစ္စတာယွန်းအနေဖြင့် မော်စကိုနှင့် ပြုံယမ်းကြားရှိ စစ်ရေးကုန်သွယ်မှုမှန်သမျှကို သတိပေးမည်ဖြစ်ပြီး ယူကရိန်းသို့ရုရှား၏ရန်လိုမှုအားတိုက်ဖျက်ရန် ယူကရိန်းကိုကူညီမည့်တောင်ကိုရီးယား၏ကြိုးပမ်းမှုများကိုပါ မြှင့်တင်မည်ဖြစ်ကြောင်းလည်းထည့်သွင်းပြောကြားမည်ဟု သမ္မတရုံးတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here