ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ရုရှား ချမှတ်

0
302

ရုရှားနိုင်ငံသည် စက်တင်ဘာ ၂၁ ရက်မှ စတင်သည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီ တင်ပို့မှုအပေါ် ကန့်သတ်ချက်များကို ထုတ်ပြန်ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

အစိုးရအမိန့်အရ ကန့်သတ်ချက်များသည် ယာယီဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ချက်တွင် “တရားဝင်ထုတ်ပြန်သည့်နေ့မှစ၍” စတင်သည်ဟု ဖော်ပြထားသော်လည်း ကန့်သတ်ချက်များ၏ သက်တမ်းကုန်ဆုံးရက်ကို စာရွက်စာတမ်းတွင် မဖော်ပြထားပေ။

ကန့်သတ်ချက်များသည် ဓာတ်ဆီနှင့် ဒီဇယ်လောင်စာအတွက် အဓိကအကျုံးဝင်သော်လည်း အစိုးရက ခြွင်းချက်များစွာကို ထုတ်ပြန်ထားသည်။

အဆိုပါ ကန့်သတ်ချက်များသည် လူတစ်ဦးချင်းစီ၏ လောင်စာဆီ သယ်ယူပို့ဆောင်ခြင်း၊ လမ်းမပေါ်တွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ကွန်တိန်နာများတွင် ဓာတ်ဆီနှင့် ဒီဇယ်ဆီများ ပို့ဆောင်ခြင်း၊ South Ossetia နှင့် Abkhazia သို့ ပို့ဆောင်ခြင်းအပြင် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ထားပြီးဖြစ်သည့် လောင်စာဆီများ ပို့ဆောင်ခြင်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here