ယူကရိန်းသို့ လက်နက်များ ထောက်ပံ့တော့မှာ မဟုတ်ဟု ပိုလန်အစိုးရ ကြေညာ

0
374

ယူကရိန်းသို့ ယခင်က သဘောတူထားသည့် လက်နက်များ ပေးပို့ခြင်းမှအပ၊ နောက်ထပ် ထပ်မံထောက်ပံ့ခြင်းများ ပြုလုပ်တော့မည်မဟုတ်ဟု ပိုလန်အစိုးရက ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

ပိုလန်သည် ယူကရိန်းသို့ လက်နက်များ မပို့တော့ဘဲ မိမိနိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးကိုသာ အာရုံစိုက်တော့မည်ဟု ၀န်ကြီးချုပ် Mateusz Morawieckiက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ခြင်းကို ကိုးကား၍ သတင်းများရေးသားဖော်ပြကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ အခု ပိုလန်ကို ခေတ်မီလက်နက်တွေ တပ်ဆင်နေတာကြောင့် ယူကရိန်းကို လက်နက်တွေ ထောက်ပံ့မပေးတော့ဘူး” ဟု Morawiecki က ပြောသည်။

“ယူကရိန်းဟာ ရုရှားရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်နေရတဲ့ အခြေအနေကို ကျွန်တော်တို့ နားလည်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံအတွက်လဲ လုံခြုံရေးနဲ့ ကာကွယ်ရေးတွေ လုပ်ဖို့ကလိုသေးတယ်လေ” ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇလန်းစကီးကမူ အမေရိကန်နှင့် အနောက်နိုင်ငံမဟာမိတ်များထံမှ လက်နက်ထောက်ပံ့ရာတွင် နှောင့်နှေးကြန့်ကြာမှုများ အစဉ်ရှိနေသောကြောင့် မိမိတို့၏ တန်ပြန်ထိုးစစ်မှာလည်း မျှော်မှန်းထားသည်ထက် အဆများစွာ နှေးကွေးခဲ့ရကြောင်း မကြာခဏပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here