အင်းစိန် စော်ဘွားကြီးကုန်းရှိ နေအိမ်တစ်လုံး၌မီးလောင်မှုဖြစ်

0
274

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်းရပ်ကွက်၊အောင်သုခလမ်းရှိ နေအိမ်တစ်လုံးတွင် စက်တင်ဘာ ၂၁ ရက်ည ၁၀ နာရီ ၂၂ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးလောင်မှုဖြစ်တဲ့အတွက် သွားပြီးကူညီပေးခဲ့တာပါ အိမ်မီးလောင်တယ် အိမ်စီးကားတစ်စီးလည်းပျက်စီးတာတွေရှိတယ် နောက်ပြီး အနည်း ငယ်ထိခိုက်ဒဏ်ရာရတဲ့လူတစ်ယောက်ရှိတယ် မြေပြင်ကုသတာတွေလုပ်ပေးခဲ့ပါတယ် ဖြစ်စဥ်ကိုတော့ မီးသတ်တပ်ဖွဲ့ကိုမေးကြည့်စေချင်ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား အင်းစိန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၀ နာရီ ၃၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၀ နာရီ ၄၁ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here