ထိုင်းနိုင်ငံအတွင်း ကွန်ဒိုဝယ်ယူမှု ထိပ်ဆုံး (၁၀) နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် (၈) နေရာ၌ ရပ်တည်နေ

0
239

၂၀၂၃ ခုနှစ် ပထမ နှစ်ဝက်အတွင်း ထိုင်းနိုင်ငံအတွင်းရှိ ကွန်ဒိုများအား ဝယ်ယူမှုစာရင်းအရ မြန်မာနိုင်ငံသည် အဆင့် (၈) နေရာတွင် ရှိနေကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း ထိုင်းနိုင်ငံသားများ၏ ဝယ်ယူမှု လျှော့ကျခဲ့သော်လည်း မြန်မာအပါအဝင် ပြည်ပနိုင်ငံများ၏ ဝယ်ယူမှု မြင့်တက်ခဲ့ကြောင်း ထိုင်းအိမ်ခြံမြေသတင်းအချက်အလက်စင်တာ၏ ခေတ္တညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Vichai Viratkapan က ပြောကြားချက်အရ သိရသည်

ထို့အပြင် ကွန်ဒိုလွှဲပြောင်းရယူမှု တန်ဖိုးသည် ယခင်နှစ် ဒုတိယနှစ်ဝက်အတွင်း အလုံးစုံ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းပြီး ၂၀၂၁ ခုနှစ် ဒုတိယ နှစ်ဝက်မှစ၍ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုသည် နှေးကွေးနေဆဲဖြစ်ပြီး၊ ဈေးကွက်ကို မြှင့်တင်လိုပါက နိုင်ငံခြားသားများ၏ ဝယ်ယူမှုကို အားထားရမည်ဖြစ်ကြောင်းလည်း Mr. Vichai Viratkapan ကဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်းက ကမ္ဘာလှည့်ခရီးသွားများ မျက်စိကျရာ နေရာများဖြစ်သည့် ပတ္တရားနှင့် ဖူးခက်တို့တွင် နိုင်ငံခြားသားများ၏ ကွန်ဒိုပိုင်ဆိုင်မှု မြင့်တက်လာနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံခြားသားများသို့ ကွန်ဒိုလွှဲပြောင်းပေးခဲ့မှု ၇,၃၃၈ ယူနစ်ဖြစ်ပြီး ယင်းတွင် တရုတ်မှအများဆုံးဖြစ်ကာ ၎င်းနောက် ရုရှားနှင့် အမေရိကန်တို့သည် အများဆုံးဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်တွင် ဝယ်ယူမှုအဆင့် (၆) နေရာတွင် ရှိခဲ့သော မြန်မာနိုင်ငံသည် ယခုနှစ်တွင် အဆင့် ၈ နေရာဖြင့် ဝယ်ယူမှု ထိပ်ဆုံး ၁၀ နိုင်ငံတွင် ပါဝင်ခဲ့ပါကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဝယ်ယူသည့် တစ်ယူနစ်လျှင် ပျမ်းမျှတန်ဖိုး ဘတ် ၇ သန်းရှိသော ကွန်ဒို ၁၈၂ ယူနစ် ဖြစ်ကြောင်း စင်တာ၏ ထုတ်ပြန်ထားသည့် စာရင်းအရ သိရပါသည်။

နိုင်ငံခြားသားများထံသို့ ကွန်ဒိုအများဆုံးလွှဲပြောင်းမှုအချိုးမှာ ချွန်ဘူရီသည် အများဆုံးဖြစ်ပြီး ဘန်ကောက်၊ ဖူးခက်၊ ချင်းမိုင်နှင့် ပရာကျုဘ်ခီရီခန်တို့ ဖြစ်ကာ ဘတ် ၃ သန်းနှင့်အောက် တန်ဖိုး ရှိသော အမျိုးအစားသည် လူကြိုက်အများဆုံးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here