သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား (၇) သိန်းကျော်အား မင်္ဂလာဒုံနှင့် ရွှေပြည်သာမြို့နယ်တို့မှဖမ်းမိ

0
261

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ရှမ်းပြည်နယ်မှ ရန်ကုန်သို့သယ်လာသည့် မူးယစ်ဆေးဝါ ၇ ဒသမ၂ သိန်း (ကာလတန်ဖိုး သိန်း ၇၀၀၀ ကျော်) ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁၄) ရက် ညနေ (၆) နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက် ၊ ခရေပင်ရိပ်မွန်လမ်းတွင် ဇော်မင်းထွန်း(ခ)ကိုနေ၊ သန့်ဇင်ဦး၊ ဇော်လွင်၊ ကျင်သိန်း(ခ)မောင်စိုးနှင့် အန်တောနိုတို့အား စိတ်ကြွဆေးပြား (၂) သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား စစ်ဆေးချက်များအရ ည (၉) နာရီတွင် ရွှေပြည်သာမြို့နယ်၊ အမှတ် (၃) ရပ်ကွက် သန့်ဇင်ဦး နေထိုင်သည့် နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၅ ဒသမ ၂ သိန်းအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့မှုကြောင့် ငွေကျပ်သိန်း ၇၂၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၇ ဒသမ ၂ သိန်းနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here