ပြင်ဦးလွင်မြို့နယ် မိုင်တိုင်အမှတ် (၂၆) တွင် ကုန်တင်ယာဉ် (၁)စီး တိမ်းမှောက်ကာ ယာဉ်မောင်း သေဆုံး

0
194

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မိုင်တိုင်အမှတ် (၂၆)တွင် ကုန်တင်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကာယာဉ်မောင်းသူ သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့ စက်တင်ဘာ (၂၂)ရက် နံနက် (၉)နာရီ (၃၅)မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ (၂) ဦး ညပ်နေသည့်အတွက် အခင်းဖြစ်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်ခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရတနာပုံမြို့သစ်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ သွားရောက် ကယ်ဆယ်ရေး လုပ်ဆောင်ရာ (၁၂) နာရီ (၃၀) မိနစ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦးအနက် ယာဉ်မောင်း ကျား(၁)ဦး သေဆုံးခဲ့ပြီး ကျား(၁)ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူနှင့် ဒဏ်ရာရှိသူတို့အား သန္တိသုခလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here