ပြည်ပအဝယ်နည်းလာခြင်းကြောင့် ပြောင်းဈေး ဆက်တိုက်ကျဆင်းလာ

0
271

လက်ရှိတွင် မြန်မာ့ပြောင်းအား ပြည်ပမှအဝယ်နည်းလာခြင်းကြောင့် ပြည်တွင်း ပြောင်းဈေးကွက်အတွင်းဆက် ဈေးနှုန်းများ တိုက်ကျဆင်းလာကြောင်း ပြောင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ စုံစမ်းသိရသည်။

လက်ရှိတွင် ဈေးကွက်အတွင်း၌ဘပြောင်းအစို ၁ ပိဿာ လျင် ငွေကျပ် ၇၀၀ မှ ၈၀၀ ကြား ပေးဝယ်နေပြီး အစိုရာခိုင်နှုန်း ၃၅ ရာခိုင်နှုန်းကျော်ပါက ဝယ်ယူမှုမရှိတော့ကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

အလားတူ ပြောင်းအဟောင်း ဈေးနှုန်းအနေဖြင့်လည်း ၁ ပိဿာ ကျပ် ၁,၀၀၀ မှ ၁,၀၅၀ ကြား ဈေးပေးဝယ်နေကြောင်း သိရသည်။

” ဒီနှစ်က ကုန်ကျစရိတ်တွေက ပိုတက်လာတော့ ပိုပြီးရှုံးတာပေါ့။ တရုတ်ကို ပို့ပေမယ့်လည်း အများကြီး မပို့ရဲဘူး။ အခြေအနေတွေက မတည်ငြိမ်တာနဲ့” ဟု ပြောင်းစိုက်ပျိုးတင်ပို့ရောင်းချသူ တောင်သူတဦးက ပြောသည်။

လက်ရှိ ရန်ကုန် ဘုရင့်နောင်ဈေးကွက်တွင် ပြောင်းဆံ ၁ ပိ ဿာ ကျပ် ၁,၁၇၀ မှ ၁,၁၉၀ ပေါက်ဈေးရှိပြီး ၁၅ ရက်အတွင်း ၁ ပိဿာ ၃၀ ကျပ် ဈေးကျဆင်းသွားကြောင်း သိရသည်။

ထို့ပြင် မန္တလေးဈေးကွက်တွင် ၅၆ ပိဿာဝင် ၁ အိတ်လျှင် ကျပ် ၅၆,၀၀၀ မှ ၅၇,၀၀၀‌ ‌ပေါက်ဈေးရှိပြီး ၁၅ ရက်အတွင်း ၁ အိတ်လျှင် ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ပြောင်းတအိတ်လျှင် ကျပ် ၅၃,၀၀၀ မှ ၅၄,၀၀၀ ကြား ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် နှစ်စဉ် ပြောင်းတန်ချိန် ၃ သန်းနီးပါးထွက်ရှိကာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ အများဆုံး ထွက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here