ဘားအံ – သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

0
254

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဘားအံ – သထုံသွားကားလမ်းပေါ်ရှိ တံတားတစ်စင်းအား လက်နက်ကိုင်အဖွဲ့ဝင်များမှ စက်တင်ဘာ (၂၁) ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ ည (၁၂) နာရီခွဲကျော်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ ဘားအံ – သထုံသွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၂/၄ ရှိ တံတားအမှတ်(၂/၁၃)အား မိုင်းခွဲဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

“ညကပေါက်ကွဲသံ အကျယ်ကြီးကြားရတယ်။ မနက်ကျမှတံတားမိုင်းခွဲခံရတာကိုသိတာ။ ကျွန်တော်တို့ သွားကြည့်ရသလောက်ဆိုရင် တံတားအောက်ခြေက ကွန်ကရစ် အလယ်တိုင် ပျက်စီးသွားတာတွေ့တယ်။ တခြားပျက်စီးမှု မရှိပါဘူး။ လုံခြုံရေးအဖွဲ့တွေလည်း ရောက်နေကြတယ်”ဟု ဒေသခံလူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

မိုင်းခွဲခံရမှုကြောင့် တံတားအမှတ်(၂/၁၃)၏ အောက်ခြေအလယ်ကွန်ကရစ်တိုင်ကွဲအက်ပျက်စီးသွားခဲ့သဖြင့်လုံခြုံရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here