စစ်တွေ ဆိပ်ကမ်းသစ်တွင် ပြည်တွင်းကုန်တင်သင်္ဘောများ စတင်ဆိုက်ကပ်နေ

0
172

အိန္ဒိယမှ တည်ဆောက်ထားသည့် ကုလားတန်မြစ်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ စစ်တွေမြို့ဆိပ်ခံတံတားသစ်တွင် ပြည်တွင်းကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောများ စတင်ဆိုက်ကပ် အသုံးပြုနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“မိုခါကြောင့် ကယ်ဆယ်ရေး သင်္ဘောတွေ ဆိုက်ကပ်တယ်။ ကမ်းရိုးတန်းသင်္ဘောတွေ ဆိုက်ကပ်လို့ မရခဲ့ကြသေးဘူး။ အခုမှပဲ ပထမဦးဆုံးဆိုက်ကပ်ခွင့် ရတာပေါ့။ အခု ဒီဆိပ်ကမ်းကို အသုံးပြုခွင့်ရတဲ့အတွက် ကုန်တင်ကုန်ချ ပြုလုပ်ကြရာမှာ တော်တော်လေးကို အချိန်တိုတောင်းပြီး မြန်ဆန်မှု ရှိနိုင်တယ်”ဟု ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးတင်အောင်ဦးကပေါ် ပြူလာနယူးစ်သို့ ပြောသည်။

ကုလားတန်မြစ် ဘက်စုံသုံးစီမံကိန်း၏ စစ်တွေမြို့ဆိပ်ခံတံတားကို ၂၀၂၃ ခုနှစ် မေ (၉) ရက်တွင် အိန္ဒိယ – မြန်မာတာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယ – မြန်မာ ချစ်ကြည်ရေး အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို ၂၀၁၈ ခုနှစ်မှ စတင်ပြီး အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here