လားရှိုးတွင် မီးနီဖြတ်မောင်းသည့် ယာဉ်အား လိုက်လံဖမ်းဆီးစဥ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယာဥ်ထိန်းရဲတစ်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရ

0
257

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ်(၄)ရပ်ကွက် မန္တလေးလမ်းနှင့် ရေကန်လမ်းဆုံ မီးပွိုင့်တွင် မီးနီ‌နေစဉ်ဖြတ်မောင်းသွားသည့် ယာဉ်အား လိုက်လံဖမ်းဆီးစဥ် သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ စက်တင်ဘာ (၂၂) ရက် နံနက်(၁၀) နာရီခွဲခန့်က ယာဉ်တစ်စီး(စီစစ်ဆဲ)သည် လားရှိုးမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ မန္တလေးလမ်းနှင့် ရေကန်လန်းဆုံရှိ မီးပွိုင့်တွင် မီးနီဖြတ်မောင်းသွားခဲ့သဖြင့် တာဝန်ကျနေသည့် ယာဥ်ထိန်းရဲတစ်ဦးနှင့် အရပ်သားတစ်ဦးမှ လိုက်လံဖမ်းဆီးခဲ့ရာ ကားအားရပ်တန့်ပြီးနောက် သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ယာဥ်ထိန်းရဲတစ်ယောက်နဲ့ အရပ်သားတစ်ယောက်က ဆိုင်ကယ်နဲ့ လိုက်ဖမ်းတာ။ အဲဒီမှာ မီးနီဖြတ်မောင်းသွားတဲ့ကားက မောင်းနေရာကနေ ရုတ်တရက်ရပ်ပြီး သေနတ်နဲ့ပစ်တာ၊ နှစ်ယောက်လုံး ထိတယ်။ စိုးရိမ်ရတဲ့ အနေအထားပါ”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သည့် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီးနောက် လွှဲပြောင်းကုသရန်လိုအပ်သဖြင့် တပ်မတော်ဆေးရုံ(၉/၁၀၀)သို့ ထပ်မံပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here