ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေးတွင် ကာတာနိုင်ငံမှ ကူညီပံ့ပိုးရန် ကမ်းလှမ်းထားမှုနှင့်ပတ်သက်၍ ဆွေးနွေး

0
246

ကာတာနိုင်ငံမှ ကူညီပံ့ပိုးရန် ကမ်းလှမ်းထား လူသားချင်းစာနာမှု အကူညီပေးရေးကိစ္စများနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် Dr. Rashid Abdulla AL-Kuwari တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်မှ ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် Dr. Rashid Abdulla AL-Kuwari အား စက်တင်ဘာ (၂၁) ရက် မွန်းလွဲ (၂) နာရီက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဥ် မြန်မာ – ကာတာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးတို့တွင် ကာတာနိုင်ငံမှ ကူညီပံ့ပိုးပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here