(၃) နှစ်ကြာ ရပ်နားထားသည့် တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်အား ယခုနှစ်တွင် ပြန်လည်ကျင်းပမည်

0
831

(၃) နှစ်ကြာ ရပ်နားထားသည့် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်အား ယခုနှစ်တွင်ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာ ရှင်များအသင်းထံမှ သိရသည်။

အဆိုပါ ပွဲတော်ကို ယခုနှစ် နို၀င်ဘာလ (၂၇) ရက်အထိ (၇) ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းတွင်စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။

” ရှမ်းပြည်နယ်ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲကို ပြန်လည်ဖော်ဆောင်တာပါ။ ဖောင်တော်ဦး ဘုရားပွဲတော်ရက်နဲ့ တစ်ပေါင်းတည်းကျင်းပသွားမှာပါ။ ခရီးသွားလုပ်ငန်းကို ပိုမိုမြှင့်တင်ချင်တာရယ်။ ဒေသထွက် အစားအစာတွေနဲ့ အသုံးအဆောင်တွေ ရောင်းချနိုင်ဖို့ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ယခုနှစ်တွင် ပြိုင်ပွဲပုံစံထက် ပွဲတော်ကိုသာ ဦီးစားပေးကျင်းပမည်ဖြစ်ပြီး ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံ၊ နေ့လွှတ်အရုပ် ခြေ(၂)ချောင်း ခြေ(၄)ချောင်း အရုပ်အုပ်စုများ လွှတ်တင်သွားရန် ကနဦးစီစဉ်ထားကြောင်း သိရသည်။

ဓာတ်ပုံ – ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များ အသင်း (File Photo)


LEAVE A REPLY

Please enter your comment!
Please enter your name here