သန်လျင်မြို့နယ်၊ MITT လမ်းဆုံတွင် ဆီဘောက်ဆာ ယာဉ် (၂)စီး တိုက်မိမှု ဖြစ်ပွား

0
176

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ MITT လမ်းဆုံတွင် ဆီဘောက်ဆာ ယာဉ် (၂)စီး တိုက်မိမှု ဖြစ်ပွားခဲ့ပြီး လူ(၁)ဦး ညပ်နေမှုကို ကူညီကယ်ဆယ်ပေးခဲ့ရကြောင်း သန်လျင်မြို့နယ်မီးသတ်စခန်းမှ သိရသည်။

စက်တင်ဘာ (၂၂) ရက်၊ (၇)နာရီ (၂၈)မိနစ် အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ(၁)ဦး ညပ်နေကြောင်း သတင်းအရ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး သွားရောက် ကူညီခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နေရာအရောက် ဆီဘောက်ဆာ ယာဉ် (၂)စီး တိုက်မိခြင်းဖြစ်၍ ကားအတွင်း ညပ်နေသည့် အသက် (၄၅)နှစ်ခန့် လူ (၁) ဦးကို (၈)နာရီ (၄၅)မိနစ် အချိန်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ရွှေရောင်တွဲလက် ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် သန်လျင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here