အမေရိကနှင့်တောင်ကိုရီးယားတို့က သတိပေးနေသည့် ကြားမှပင် ကင်မ် က ရုရှားနှင့်ဆက်ဆံရေးမြှင့်တင်ရန်ပြင်ဆင်နေ

0
150

ဆိုးလ်၊စက်တင်ဘာ ၂၂

မြောက်ကိုရီးယားနှင့်ရုရှားတို့၏ ပူးပေါင်းဆောင်ရွက်မှုမှန်သမျှသည် အန္တရာယ်များသည့် အကျိုးဆက်များဖြစ်ပေါ်လာနိုင်ကြောင်း အမေရိကနှင့်တောင်ကိုရီးယားတို့က သတိပေးနေသည့် ကြားမှပင် ကင်မ်သည် ရုရှားနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန် ရုရှားခရီးစဉ်အပြီး၌ညွှန်ကြားခဲ့ကြောင်းသိရသည်။

ကင်မ်ဂျုံအမ်းသည် နယ်ပယ်အသီးသီး၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်လိုအပ်ကြောင်းနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားမြှင့်တင်ရေးအတွက် ကြီးမားသောပံ့ပိုးကူညီမှုများပြုလုပ်ရန်လိုအပ်ကြောင်းပြောကြားခဲ့သည်ဟု KCNA တွင်ဖော်ပြခဲ့သည်။

ကင်မ်၏ရုရှားခရီးစဉ်အတွင်း သမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံခဲ့ပြီး ရုရှားစစ်‌ရေးနှင့်နည်းပညာအတွက် အဓိကကျသောနေရာသို့လည်းသွားရောက်လည်ပတ်ခဲ့ကာ နှစ်နိုင်ငံခေါင်းဆောင်များက ၎င်းတို့အနေဖြင့် ကာကွယ်ရေးပြဿနာများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည့်အကြောင်းများဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

အမေရိက နှင့်တောင်ကိုရီးယားအပါအဝင် ၎င်းတို့၏မဟာမိတ်နိုင်ငံများက ရုရှားနှင့်မြောက်ကိုရီးယားအနေဖြင့် ကုလလုံခြုံရေးကောင်စီ၏ မြောက်ကိုရီးယားနှင့်လက်နက်အရောင်းအဝယ်မပြုလုပ်ရေးဆုံးဖြတ်ချက်အားဖောက်ဖျက်ပါက ထိုက်တန်စွာပြန်ပေးဆပ်ရလိမ့်မည်ဟုလည်း‌သတိပေးပြောကြားခဲ့သည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here