ကြို့ပင်ကောက်မြို့နယ်တွင် Taxi ကားနှင့်ဆိုင်ကယ်တိုက် ဆိုင်ကယ်မောင်းလာသူသေဆုံး

0
208

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်ရှိ ရန်ကုန်-ပြည်သွားကားလမ်းပေါ်ရှိ ခွန်နှစ်ရွာကျေးရွာတွင် စက်တင်ဘာ ၂၃ ရက်(ယနေ့)နံနက် ၈ နာရီခန့်က Taxi ကားနှင့်ဆိုင်ကယ်တို့တိုက်မိခဲ့ကြောင်း နာရေးကူညီမှုအသင်း(ကြိုပင်ကောက်မြို့)မှ သိရသည်။

” Taxi က Probox အမျိုးအစားပါ ရန်ကုန်ဘက်ကနေမောင်းလာတာ တိုက်မိတဲ့အရှိန်နဲ့ ဆိုင်ကယ်မောင်းလာတဲ့လူကအခင်းဖြစ်နေရာမှာပဲသေဆုံးသွားပါတယ် ကားကမောင်းနှင်ထွက်ပြေးတာမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေဆုံးသွားခဲ့သည့် ဆိုင်ကယ်မောင်းသူ၏ရုပ်အလောင်းအား နာရေးကူညီမှုအသင်း (ကြို့ပင်ကောက်မြို့)မှ ကြို့ပင်ကောက်မြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-နာရေးကူညီမှုအသင်း(ကြို့ပင်ကောက်)


LEAVE A REPLY

Please enter your comment!
Please enter your name here