လည်ပင်းထိုး-သွင်း-ဒဏ်ရာဖြင့် ‌ေ သ-ဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းအား ချမ်းမြသာစည်မြို့နယ်၌တွေ့ရှိ

0
269

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊ ၅၄ လမ်းနှင့် ၁၁၀(C)လမ်းထောင့်တွင် စက်တင်ဘာ ၂၃ ရက် (ယနေ့)နံနက် ၅ နာရီခွဲခန့်က လည်ပင်းထိုး-သွင်း-ဒဏ်ရာဖြင့် ‌ေ သ-ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ရသည်ဟု မြရည်နန္ဒာလူမှုကူညီရေးအသင်းမှ သိရသည်။

“လည်ပင်းထိုး-သွင်း-ဒဏ်ရာတစ်ချက်နဲ့ ‌ေ သ-ဆုံးနေတာပါ အကြောင်းရင်းကို တာဝန်ရှိတဲ့လူတွေက စစ်ဆေးနေပါတယ် အခု ‌ေ သ-ဆုံးတဲ့လူက အသက် (၂၇)နှစ်လောက်ရှိပါပြီ မိသားစုဝင်တွေနဲ့လည်းအဆက်အသွယ်ရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးနေသူ၏ရုပ်အလောင်းအား တာဝန်ရှိသူများ၏စစ်ဆေးမှုပြီးနောက် မြရည်နန္ဒာလူမှုကူညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မြရည်နန္ဒာအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here