မော်လမြိုင်မြို့တွင် ယနေ့နံနက်ပိုင်းက အဝေးပြေးခရီးသည်တင်ကားနှင့်မီနီအိုးဝေတိုက်မိမှုအပါအဝင် ဆိုင်ကယ်တိုက်မှုများဖြစ်ပွား၍ ၈ ဦးဒဏ်ရာရ

0
237

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် စက်တင်ဘာ ၂၃ ရက်(ယနေ့)နံနက်ပိုင်းက နာရီပိုင်းသာခြား၍ အဝေးပြေးခရီးသည်တင်ကားနှင့်မီနီအိုးဝေတိုက်မိမှုအပါအဝင် ဆိုင်ကယ်တိုက်မိမှုများဖြစ်ပွားခဲ့ရာမှ အမျိုးသား၊အမျိုးသမီး ၈ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မော်လမြိုင်မြို့၊ကျိုက်သလ္လံဘုရားအရှေ့ဘက်အဆင်းလမ်းဆုံတွင် အဝေးပြေးခရီးသည်တင်ကားနှင့်မီနီအိုးဝေတိုက်မိခဲ့ရာမှ မီနီအိုးဝေမောင်းသူအပါအဝင် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၁၀ နာရီခွဲကလည်း မော်လမြိုင်မြို့၊ကမ်းနားလမ်းရှိ ဝံစျေးအကျော်တွင်ဆိုင်ကယ်နှစ်စီးတိုက်မိခဲ့သဖြင့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးနှစ်ဦးတို့၌ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ မော်လမြိုင်မြို့၊ကျိုက်သလ္လံဘုရားအတက်တွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ဆိုင်ကယ်နှစ်စီးတိုက်မိခဲ့သဖြင့် အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်များမှ ထိခိုက်ဒဏ်ရာရသူများအား ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရာမညအရေးပေါ်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here