အောက်တိုဘာ ၁ ရက်မှစတင်၍ ပုဂံသို့လာရောက်လည်ပတ်မည့် နိုင်ငံခြားသားတစ်ဦးလျင် ဇုန်ဝင်ကြေး ၃၀၀၀၀ ကျပ်တိုးမြှင့်ကောက်ခံမည်

0
237

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေသို့လာရောက်လည်ပတ်မည့် နိုင်ငံခြားသားတစ်ဦးလျင် ဇုန်ဝင်ကြေး ၃၀၀၀၀ ကျပ်အား အောက်တိုဘာ ၁ ရက်မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။

ထို့ပြင် ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေအတွင်း နေထိုင်လည်ပတ်ခွင့်သက်တမ်းအား (၃) ရက်သတ်မှတ်၍ (၃)ရက်ထက်ကျော်လွန်ပါက ဇုန်ဝင်ကြေးထပ်မံကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေသို့လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများအား သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ၂၀၁၆ ခုနှစ်၊ဇန်နဝါရီ ၁ ရက်မှစတင်ကာ တစ်ဦးလျှင် ၂၅၀၀၀ ကျပ်ကောက်ခံခဲ့ပြီး လည်ပတ်ခွင့်ကိုလည်း (၅)ရက်ခွင့်ပြုပေးခဲ့သည်။

လက်ရှိအချိန်၌ ညောင်ဦးခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်သူများ တစ်ဆက်တစ်စပ်တည်းသွားရောက်နိုင်သည့် ခရီးစဥ်သစ် ၇ ခုကိုလည်း ဖော်ဆောင်ထားကြောင်း သိရသည်။

ထို့ပြင် ပုဂံဒေသ၏ နေထွက်၊နေဝင်ဆည်းဆာအားကြည့်ရှုနိုင်ရန် တောင်ကုန်းများဖန်တီးပေးထားကာ ယင်း တောင်ကုန်းများပေါ်မှ ပုဂံဒေသ၏နေဝင်ဆည်းဆာ အလှအပများကိုခံစားကြည့်ရှုနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here