ပြင်ဦးလွင်-မန္တလေး (အဆင်းလမ်း)၊ (၁၈) မိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသား(၁)ဦး ဦးခေါင်းဒဏ်ရာရ

0
223

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်-မန္တလေး (အဆင်းလမ်း)၊ (၁၈) မိုင်အနီးတွင် ယာဉ်တစ်စီးမှ တခြားယာဉ်အား တိုက်မိခဲ့ရာ အမျိုးသား(၁)ဦး ဦးခေါင်းဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ (၂၃)ရက်က သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ မန္တလေးသို့ လူနာပို့ပြီးအပြန် ပြင်ဦးလွင်-မန္တလေး (အဆင်းလမ်း)၊ (၁၈) မိုင်အနီးတွင် ယာဉ်တစ်စီးမှ စက်ချွတ်ယွင်းပြီး အရှိန်မထိန်းနိုင်ဘဲ အခြားယာဉ်အား ဝင်တိုက်မိမှု ဖြစ်ပွားနေကြောင်း သတင်းအရ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ယာဉ်တစ်စီး စက်ချွတ်ယွင်းပြီး အရှိန်မထိန်းနိုင်ဘဲ တခြားယာဉ်အား ဝင်တိုက်မိခဲ့ရာ ကားပေါ်မှ ကြောက်လန့် စိုးရိမ်၍ ခုန်ချသော ဦးခေါင်းဒဏ်ရာရ အမျိုးသား (၁)ဦး (မစိုးရိမ်ရ)အား သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ နီးစပ်ရာ ကျောက်မီးတိုက်နယ် (ဒေသန္တရဆေးရုံ)သို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here