ထိုင်ဝမ်၌ဂေါက်ရိုက်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ မီးလောင်မှုကြောင့် တစ်ဦးသေဆုံးပြီး ၁၀ ဦး ပျောက်ဆုံးနေဟုဆို

0
308

တိုင်ပေ၊စက်တင်ဘာ ၂၂

ထိုင်ဝမ်တောင်ပိုင်းရှိ ဂေါက်ရိုက်ကိရိယာထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် စက်တင်ဘာ ၂၂ ရက်နေ့က မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး ဆယ်ဦးပျောက်ဆုံးနေကြောင်းအစိုးရကပြောကြားခဲ့သည်။

Pingtung ခရိုင်၏စက်မှုဇုန်ထဲရှိ စက်ရုံတစ်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်မီးသတ်ဌာနကပြောကြားခဲ့သည်။

ပျောက်ဆုံးနေသူ ၁၀ ဦးအနက် ၃ ဦးမှာ မီးသတ်သမားများဖြစ်ပြီး သေဆုံးသူတစ်ဦးမှာလည်းမီးသတ်တပ်ဖွဲ့ဝင်ဖြစ်ကြောင်း မီးသတ်ဌာနက အတည်ပြုပြောကြားခဲ့သည်။ 

စက်ရုံမီးလောင်မှုကြောင့် လူပေါင်း ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြရကြောင်းလည်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here