ရုရှားနှင့်မြောက်ကိုရီးယားတို့၏စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပေါ် ဂျပန်၊တောင်ကိုရီးယားနှင့်အမေရိက တို့စိုးရိမ်နေ

0
161

ဆိုးလ်၊စက်တင်ဘာ ၂၃

လက်နက်ကုန်သွယ်မှုအပါအဝင် မြောက်ကိုရီးယားနှင့်ရုရှားတို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းအား စိုးရိမ်ပူပန်မိကြောင်း ဂျပန်၊တောင်ကိုရီးယားနှင့် အမေရိက နိုင်ငံများ၏နိုင်ငံခြားရေးဝန်ကြီးများကပြောကြားခဲ့သည်ဟုသိရသည်။

ကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်၊တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ပက်ခ်ဂျင်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုခါမိခဝ တို့ကမူ ကုလလုံခြုံရေးကောင်စီ၏စည်းမျဉ်းများကိုချိုးဖောက်ကာ ဒေသတွင်းလုံခြုံရေးကိုထိပါးလာပါက သုံးနိုင်ငံပေါင်းပြီးခိုင်မာစွာတုံ့ပြန်ရန်လည်းသဘောတူညီခဲ့ကြသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းသည် ရုရှားသို့တစ်ပတ်ကြာသွားရောက်ခဲ့ပြီး သမ္မတပူတင်နှင့် နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်ပါဆွေးနွေးခဲ့ကြောင်းသိရသည်။

ရုရှားအနေဖြင့်ယူကရိန်းစစ်ကိုဆက်တိုက်နိုင်ရန် မြောက်ကိုရီးယားထံမှ လက်နက်အထောက်အပံ့ကိုယူနိုင်သကဲ့သို့ မြောက်ကိုရီးယားဘက်ကလည်း ၎င်း၏နျူနှင့်ဒုံးကျည်တိုးတက်ရေးအတွက် ရုရှားထံမှ နည်းပညာအကူအညီများရရှိနိုင်ရန်မျှော်လင့်ထားသည်။

၎င်းတို့နှစ်နိုင်ငံအနေဖြင့် အားလုံးကိုဂရုမစိုက်ပဲ ဖြစ်ချင်ရာဖြစ်ဆက်လုပ်နေမည်ဆိုပါက ယခုလုပ်ရပ်သည် တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သဖြင့် တောင်ကိုရီးယားနှင့်၎င်း၏မဟာမိတ်များက သည်းခံနေမည်မဟုတ်ကြောင်းလည်းတောင်ကိုရီးယားသမ္မတကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here