Hiace ကားပေါ်တွင် ရှမ်းပြည်မှကရင်ပြည်နယ်သို့သယ်လာသည့် ငွေကျပ်သိန်း ၆၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၇ တုံးအား ပင် လောင်းမြို့နယ်တွင်ဖမ်းမိ

0
157

ရှမ်းပြည်နယ်၊ပင်လောင်းမြို့နယ်၊လိန်းလီကျေး ရွာအနီးတွင် စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းက ငွေကျပ်သိန်း ၆၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘ လောက်တုံးများကို ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၁၀ နာရီကျော်ခန့်က မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊လိန်းလီကျေးရွာအနီး၌ ပင်လောင်းမြို့ဘက်မှတပ်ကုန်းမြို့ဘက်သို့ ခွန်တင်ထွန်း(ခ)ခွန်ဧပရယ်မောင်းကာ ခွန်စိုးထိုက် လိုက်လာသည့် HIACE ကားအားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာကားပေါ်တွင် ရှမ်းပြည်နယ်မှကရင်ပြည်နယ်သို့သယ်လာသည့် ငွေကျပ်သိန်း ၆၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၇ တုံး(၄၀ ဒသမ ၉၅ ကီလို)အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဘိန်းဖြူဘလောက်တုံးများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here