နောင်ချိုမြို့နယ်တွင် အောက်တိုဘာ ၁ ရက်မှစတင်၍ “ဒုဋ္ဌဝတီ”တိမ်ပင်လယ်စခန်းသစ်ဖွင့်လှစ်မည်

0
263

ရှမ်းပြည်နယ်၌ တိမ်ပင်လယ်စခန်းများစွာရှိသည့် နောင်ချိုမြို့နယ်တွင် အောက်တိုဘာ ၁ ရက်မှစတင်၍ “ဒုဋ္ဌဝတီ”တိမ်ပင်လယ်စခန်းသစ်ဖွင့်လှစ်သွားမည်ဖြစ်သည်။

“ဒုဋ္ဌဝတီ”တိမ်ပင်လယ်စခန်းသစ်အား ဒေသ၏ သဘာဝကျေးလက်အလှတရားများကိုဖော်ထုတ်ပြသနိုင်စေရန်၊ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ဓနုတိုင်းရင်းသားများ၏ ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ဓလေ့ထုံးတမ်းများကို ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖွင့်လှစ်မည့် “ဒုဋ္ဌဝတီ”တိမ်ပင်လယ်စခန်းသစ်သည် နောင်ချိုမြို့နယ်၊မဲပုတ်ကျေးရွာရှိ မြေဧက ၅ ဧကပေါ်တွင်ဖော်ဆောင်ထားခြင်းဖြစ်ကာ ရောင်စုံဘန်ဂလို ၁၄ လုံးအပြင် မြင်းစီးကွင်း၊စက်ဘီးစီးကွင်း၊ပန်းခြံနှင့်နာနတ်သီးစိုက်ခင်းများကိုပါထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။

ထို့ပြင် ဒုဋ္ဌဝတီတိမ်ပင်လယ်စခန်းသို့ လာရောက်လည်ပတ်သူများအား အောက်တိုဘာ ၁ ရက်မှစတင်၍ ညစဥ် ၇ နာရီမှ ၉ နာရီအထိ ကိန္ဒရီ/ကိန္ဒရာ အကအလှများ၊ရှမ်းအိုးစည်နှင့်ဓနုအကအလှများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ နောင်ချိုမြို့နယ်အတွင်း၌ ဖွင့်လှစ်ထားသည့် တိမ်ပင်လယ်စခန်း ၁၅ ခုခန့်ရှိပြီဖြစ်ကာ ပြည်တွင်း/ပြည်ပမှခရီးသွားဧည့်သည်များ လာရောက်သူအများအပြားရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here