ဂျပန်နှင့် မတွေ့မီ တောင်ကိုရီးယားနှင့်အတူလက်တွဲလုပ်ဆောင်ရန်ဆန္ဒရှိသည်ဟုတရုတ်ပြောကြား

0
276

ပေကျင်း၊စက်တင်ဘာ ၂၄

ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်လာစေရန် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကိုမြှင့်တင်ဖို့ တောင်ကိုရီးယားနိုင်ငံနှင့်လက်တွဲဆောင်ရွက်လိုကြောင်း တရုတ်သမ္မတရှီက တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒက်ခ်ဆိုးအားစက်တင်ဘာ ၂၃ ရက်ကပြောကြားခဲ့ကြောင်းသိရသည်။

အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားမစတင်မီ တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးမြို့တွင် သမ္မတရှီသည် မစ္စတာဟန်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံ၏ရုပ်မြင်သံကြား CCTV သတင်းဌာက ဖော်ပြထားသည်။

တရုတ်နှင့်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီချက်သည် စက်တင်ဘာ ၂၆ ရက်တွင် ဆိုးလ်၌ကျင်းပရန်စီစဉ်ထားသည့် ဂျပန်၊တောင်ကိုရီးယားနှင့်တရုတ်နိုင်ငံများ၏ သုံးနိုင်ငံတွေ့ဆုံဆွေးနွေးမှုမတိုင်ခင်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှုအတွက် တောင်ကိုရီးယား၏ အပြုသဘောဆောင်သောဆန္ဒကို တရုတ်နိုင်ငံဘက်ကအလေးထားကာ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ရှီကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here