တာမွေမြို့နယ်ရှိ Y တံတားအောက်တွင် အမျိုးသားတစ်ဦးအား ကားတစ်စီးမှ ဝင်တိုက်ပြီးမောင်းပြေး

0
321

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ Y တံတားအောက်တွင် စက်တင်ဘာ (၂၃) ရက် ည (၉)နာရီကျော်ခန့်က ကားတစ်စီးမှ အမျိုးသားတစ်ဦးအား ဝင်တိုက်မိပြီးမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ကားကတိုက်ပြီးမောင်းပြေးသွားတယ်။ တိုက်ခံရတဲ့အမျိုးသားက အသက်(၅၀)ဝန်းကျင်လောက်ရှိပါပြီ။ ခေါင်းကွဲ၊မျက်ခုံးကွဲ၊ ပွန်းပဲ့ဒဏ်ရာတွေရသွားပါတယ်။ မြေပြင်ကုသမှုတွေလုပ်ပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားကြီးအား လူမှုကူညီရေးအသင်းကားဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here