မြန်အောင်မြို့နယ်တွင် စက်ဘီးစီးလာသူအား ကားဖြင့်ဝင်တိုက်မိသဖြင့် စက်ဘီးစီးလာသူ သေဆုံး

0
218

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် ယနေ့ စက်တင်ဘာ (၂၄) ရက်နံနက်ပိုင်းက ကားတစ်စီးမှ စက်ဘီးတစ်စီးကို ဝင်တိုက်မိပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း မြန်အောင် နာရေးကူညီမှုအသင်းမှ သိရသည်။

ယနေ့ နံနက် (၉) နာရီခန့်က (စီစစ်ဆဲ)ကားတစ်စီးမှ မြန်အောင်မြို့နယ်၊ မြစ်ကျိုးကျေးရွာနှင့် နတ်ပီတိ တာဆုံအနီးတွင် အမျိုးသားတစ်ဦးစီးနင်းလာသည့် စက်ဘီးအားဝင်တိုက်မိပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“စက်ဘီးနင်းလာတဲ့ ကြိုးကြာတန်းကျေးရွာမှာနေတဲ့အသက်(၆၀)ဝန်းကျင်လောက်ရှိတဲ့ အမျိုးသားကြီးက ဦးခေါင်းပေါက်ပြဲ၊ ဘယ်လက်ကျိုးဒဏ်ရာတွေရပြီး အခင်းဖြစ်နေရာမှာပဲသေဆုံးသွားပါတယ်”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှသေဆုံးသူ၏ ရုပ်အလောင်းအား မြန်အောင်နာရေးကူညီမှုအသင်းမှ မြန်အောင်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး တာဝန်ရှိသူများမှလည်း မောင်းနှင်ထွက်ပြေးသွားသည့်ကားအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here