လေပွေလှိုင်းနှင့် လေဖိအားနည်း ရပ်ဝန်းတို့ကြောင့် စက်တင်ဘာ (၂၈) ရက်မှစ၍ (၆) ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် (၇) ခု၌ မိုးသည်းထန်စွာရွာသွန်းမည်

0
236

အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်နှင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်တို့ကြောင့် စက်တင်ဘာ (၂၈) ရက်မှ အောက်တိုဘာ (၃) ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် (၇) ခု၌ မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးဇ/လက ထုတ်ပြန် အသိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ စက်တင်ဘာ (၂၄) ရက် နေ့လယ် (၃) နာရီက ထုတ်ပြန်သတိပေးထားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးသည်းထန်စွာရွာသွန်းပြီး အချို့နေရာများတွင် ဒေသအလိုက်နှင့်နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်ကာ လေပြင်းတိုက်ခတ်မှုများလည်း ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် (၉)ပေမှ(၁၂)ပေခန့်အထိရှိကာ တစ်နာရီလျင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည့် မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်းလည်း သိရသည်။

ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနေထိုင်ကြရန်လည်း မိုးဇလက အသိပေးထားသည်။

ထို့အတူ ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုသွားလာကြရန် မိုးဇလကအသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here