စျေးရောင်းသည့် ဘေးတွဲဆိုင်ကယ်နှင့် ဆိုင်ကယ်တိုက်မိကာ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့မှု တာချီလိတ်မြို့တွင်ဖြစ်ပွား

0
324

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ယနေ့ စက်တင်ဘာ (၂၄) ရက် နံနက် (၄) နာရီခွဲခန့်က စျေးရောင်းသည့်ဘေးတွဲဆိုင်ကယ်နှင့် ဆိုင်ကယ်တစ်စီးတိုက်မိခဲ့ကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

“စျေးရောင်းတဲ့ ဘေးတွဲဆိုင်ကယ်နဲ့ ဆိုင်ကယ်တိုက်မိတာ။ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးက မျက်ခုံးကွဲဒဏ်ရာရသွားတယ်။ မစိုးရိမ်ရပါဘူး။ ဘေးတွဲဆိုင်ကယ်ကတော့ ဘာမှမဖြစ်ဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် တာချီလိတ်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ဦးလှမိုး(တာချီလိတ်)အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here