တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄.၀ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ် ၊ ယမန်နေ့ ညနေပိုင်းမှစတင်ကာ ငလျင် (၁၁) ကြိမ်လှုပ်ခတ်ထား

0
322

ယနေ့ စက်တင်ဘာ (၂၄) ရက် ညနေ (၅)နာရီ (၄၄) မိနစ်တွင် တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ရစ်ခ်တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၈) မိုင်ခန့်အကွာ၊မြောက်လတ္တီတွဒ် (၁၇.၂၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆. ၀၇) ဒီဂရီ၊ အနက် (၈၀)ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

ယနေ့စက်တင်ဘာ (၂၄) ရက်အတွင်း ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း အနီးပတ်ဝန်းကျင် အင်အား အနည်းငယ်ရှိသော ငလျင်များ (၃) ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ကြောင်း ငလျင်ပညာရှင်များနှင့် မိုးလေဝသပညာရှင်များက မျှဝေအသိပေးထားသည်။

နံနက် (၂) နာရီကျော်အချိန်အတွင်းက ပြင်အား ၃.၉ အဆင့် ငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့သေးကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်တွင် မျှဝေထားသည်။

ယခုလှုပ်ခတ်သည့် ငလျင်နှင့် တွက်မည်ဆိုပါက ယမန်နေ့ စက်တင်ဘာ (၂၃) ရက် ညနေပိုင်းမှစတင်ကာ ရန်ကုန်နှင့် ပဲခူးတိုင်း အနီးတဝိုက်တွင် အနည်းဆုံး ငလျင် (၁၁) ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနက အသိပေး ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here