လှိုင်သာယာမြို့နယ်ရှိ အဆောင်တစ်ခုတွင် ယ နေ့နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့

0
192

ရန်ကုန်တိုင်း၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊အမှတ်(၃)ရပ်ကွက်၊တပင်ရွှေထီး(တာဝါ)အနီးရှိ အဆောင်တစ်ခုတွင် စက်တင်ဘာ ၂၅ ရက်(ယနေ့)နံနက်အစောပိုင်း ၄ နာရီ ၅၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်း၊အင်းစိန်မြို့နယ်မီးသတ်စခန်း၊မရမ်းကုန်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့သော်လည်း ဆက်လက်လောင်ကျွမ်းခဲ့သဖြင့် နံနက် ၅ နာရီ ၁၀ မိနစ်တွင် Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“မီးလောင်အားပြင်းတဲ့အတွက် Level 1 အဆင့်နဲ့ငြှိမ်းခဲ့ရတာပါ နာရီဝက်နီးပါးလောက်ကြာတယ် လတ်တလောမျက်မြင်အရဆိုရင် အဆောင်နှစ်ဆောင်မီးလောင်ပျက်စီးဆုံးရှုံးသွားတယ် အသေးစိတ်ကိုတော့ သက်ဆိုင်ရာမီးသတ်ကပိုသိလိမ့်မယ် စစ်ဆေးနေတာတွေ့တယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြ၍ နံနက် ၅ နာရီ ၂၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီ ၂၂ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here