ပျော်ဘွယ်မြို့နယ်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်ခုံအားဝင်တိုက်

0
307

မန္တလေးတိုင်း၊ပျော်ဘွယ်မြို့နယ်တွင် စက်တင် ဘာ ၂၄ ရက်ည ၉ နာရီခန့်က ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်ခုံကိုဝင်တိုက်မိခဲ့ကြောင်း အလင်းရောင်ပရဟိတအဖွဲ့မှ သိရသည်။

“လမ်းလယ်ကျွန်းအုတ်ခုံကိုဝင်တိုက်မိတဲ့ကားက Light Truck ကားပုံစံမျိုး ကိုရီးယားကားပါ အရှိန်မထိန်းနိုင်ဘဲ အုတ်ခုံကိုဝင်တိုက်မိပြီးတော့ လမ်းလယ်ကျွန်းပေါ်ကို ကားတစ်ဝက်နီးပါးလောက် တက်သွားတယ် ကားမောင်းလာတဲ့လူက မစိုးရိမ်ရဒဏ်ရာရသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကားမောင်းသူအား အလင်းရောင်ပရဟိတအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ပျော်ဘွယ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-အလင်းရောင်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here