မတူညီတဲ့ ဂိုးသွင်းသူ ၈ ဦးနဲ့ အသင်းသမိုင်းတစ်လျောက် အကြီးမားဆုံးအဝေးကွင်းနိုင်ပွဲရယူနိုင်ခဲ့တဲ့ နယူးကာဆယ်

0
323

အသင်းပိုင်ရှင် ပြောင်းလဲမှုနဲ့အတူ ခြေစွမ်းပိုမိုတိုးတက်လာတဲ့ နယူးကာဆယ်အသင်းဟာ မတူညီတဲ့ ဂိုးသွင်းသူ ၈ ဦးနဲ့ အသင်းသမိုင်းတစ်လျောက် အကြီးမားဆုံးအဝေးကွင်းနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

နယူးကာဆယ်ယူနိုက်ဟာ မနေ့ညက ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရပေမယ့် ၈ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

အဲ့ဒီပွဲစဉ်မှာ နယူးကာဆယ်ကစားသမားတွေရဲ့ ခြေစွမ်းဟာ သာမန်အဆင့်လောက်သာရှိပေမယ့် ရှက်ဖီးယူနိုက်တက်ရဲ့ ဆိုးရွားလွန်းတဲ့ ကစားပုံကြောင့်သာ နယူးကာဆယ်တို့ အလွယ်တကူဂိုးပြတ်နိုင်ပွဲ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ နယူးကာဆယ်ရဲ့ သွင်းဂိုး ၈ ဂိုးလုံးကို မတူညီတဲ့ ကစားသမား ၈ ဦးက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ မတူညီတဲ့ ဂိုးသွင်းသူ ၈ ဦးနဲ့ အနိုင်ရခဲ့တဲ့ ပထမဆုံးပွဲစဥ်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here