ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်း အောင်မြေသာစံမြို့နယ် မြို့ပတ်လမ်းရထားလမ်းဘေး၌ တွေ့

0
232

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အရှေ့ဘုန်းတော်တိုးရပ်ကွက်၊ မြို့ပတ်လမ်း ရထားသံလမ်းဘေးတွင် ယမန်နေ့ စက်တင်ဘာ (၂၄) ရက် နံနက် (၇) နာရီကျော်ခန့်က ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ရကြောင်း ဌာနီရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

“မိသားစုဝင်တွေက ဘယ်ကလဲဆိုတာမသိရပါဘူး။ နောက်ပြီး သေဆုံးသူကိုလည်း မသိပါဘူး။ ဖော့ဘူးစက်ရုံရှေ့က ရထားလမ်းဘေးမှာ တွေ့တာပါ။ လတ်တလောကတော့ ပိုင်ရှင့်မဲ့ပေါ့။ အသက်ကတော့ (၅၀)ဝန်းကျင်လောက်ရှိပြီ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ယမန်နေ့ ညနေပိုင်းက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား တာဝန်ရှိသူများ စစ်ဆေးပြီးနောက် ဌာနီရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြရာ PR-10 ဖြင့်လက်ခံခဲ့ကြောင်း သိရသည်။

Photo-ဌာနီရှေ့အဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here