တောင်ကိုရီးယားနိုင်ငံတွင် (၃) နှစ်အထက် အလုပ်လုပ်ကိုင်ခဲ့သည့် မြန်မာလုပ်သားများထဲမှ CBT အထူးသီးသန့်စာမေး ပွဲ ဖြေဆိုခွင့်ရရှိသူ (၁၆၀၀) ကျော် ရှိဟုဆို

0
142

တောင်ကိုရီးယား နိုင်ငံတွင် (၃) နှစ်အထက် တရားဝင် အလု ပ်လုပ်ကိုင်ခဲ့သည့် မြန်မာလုပ်သားများ Computer Based Test – CBT စနစ်ဖြင့် ကိုရီးယားဘာသာအရည်ချင်းစစ်အ ထူးသီးသန့်စားမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့် ရရှိသူ ဦးရေ (၁၆၀၀) ကျော်ရှိကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေ ဂျင်စီ (POEA-EPS)၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကို စက်တင်ဘာ(၄) ရက်မှ စတင်လက်ခံခဲ့ခြင်းဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့် လျှော က်ထားနိုင်သူ အလုပ်သမားဦးရေ (၁၅၀၀၀)ကျော်ရှိရာမှ ဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်းကို POEA က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Computer Based Test – CBT စနစ်ဖြင့် Special EPS TO PIK ကိုရီးယားဘာသာ အရည်ချင်းစစ် အထူးသီးသန့်စားမေးပွဲကို လာမည့် အောက်တိုဘာ (၄) ရက်မှ (၂၀) ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Special EPS TOPIK စာမေးပွဲဝင်ရောက်ဖြေဆိုမည့် မြန်မာလုပ်သားများအနေဖြင့် အသက် (၁၈) နှစ်မှ (၃၉) နှစ် အတွ င်းရှိရမည်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံတွင် E-9 ၊ E-10 ဗီဇာနှင့် (၅) နှစ်အထက်နေထိုင်ဖူးသူတို့ ဖြေဆိုနိုင်ကြောင်း သိရသည်။

ထို့အပြင် ယင်းစာမေးပွဲအား ထောင်ဒဏ်ပြစ်ဒဏ်ကျဖူးပြီး မြန်မာနိုင်ငံမှ ပြည်ပထွက်ခွာခွင့်တားမြစ်ခံရသူ၊ တစ်ဖက်နိုင်ငံမှ နှင်ထုတ်ခံထားရဖူးသူများ ဖြေဆိုခွင့် မရရှိကြောင်း လည်း သိရသည်။

ကိုရီးယားဘာသာစကားကို ကြေညက်စွာ လေ့လာထားပါက Special EPS TOPIK စာမေးပွဲဝင်ရောက် ဖြေဆိုမည့်သူများအနေဖြင့် ကိုရီးယားစာအဖတ်နှင့် အကြားစွမ်းရည်တို့ကို ကောင်းစွာဖြေဆိုနိုင်မည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA-EPS) ၎င်းတို့၏ ထုတ်ပြန်ချက်တွ င် အကြံပြုဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here