စားအုန်းဆီ ရည်ညွှန်းဈေး ယခင်တစ်ပါတ်ထက် (၆၅) ကျပ်ကျဆင်းလာ

0
213

ယခုတစ်ပါတ်အတွက် အစိုးရက သတ်မှတ်ပေးသည့် စားအုန်းဆီ ရည်ညွှန်းဈေးသည် ပြီးခဲ့သည့် တစ်ပါတ်က ဈေးနှုန်းထက် ၆၅ ကျပ်ကျဆင်းလာကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ သိရသည်။

ပြည်တွင်း စားအုန်းဆီဈေးကွက်တွင် စက်တင်ဘာ (၂၅) ရက်မှ အောက်တိုဘာ (၁) ရက်အထိ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် တစ်ပိဿာကို ၄၃၇၅ ကျပ်ဖြင့် ရောင်းချရန် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တစ်ပတ်က ကော်မတီမှ သတ်မှတ်ပေးထားသည့် ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာ ၄၄၄၀ ကျပ်ဖြစ်ပြီး ယခုတစ်ပတ် ဈေးနှုန်းထက် (၆၅) ကျပ် ပိုမိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်များတွင် သတ်မှတ်လက်လီ အရောင်းဆိုင်များ၌ စားအုန်းဆီတစ်ပိဿာ ကျပ် ၄၅၀၀ ဖြင့်ရောင်းချပေးနေပြီး ပြင်ပလက်လီအရောင်းဆိုင်များတွင် စားအုန်းဆီတစ်ပိဿာကို ကျပ် ၈၀၀၀ ဝန်းကျင်အထိရှိကြောင်း သိရသည်။

ပြည်တွင်း ဈေးကွက်ထဲ၌ စားအုန်းဆီကို ဈေးကစားဖို့ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here