သာကေတ ဧရာဝဏ်လမ်းမကြီးပေါ်တွင် Taxi ကားမှ လမ်းဘေးဆိုင်းဘုတ်တိုင်ကို ဝင်တိုက်မိပြီး ယာဉ်မောင်းသေဆုံး

0
227

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီးပေါ်ရှိ ကျောက်တိုင်မှတ်တိုင်အနီးတွင် စက်တင်ဘာ (၂၄) ရက်ည (၁၁) နာရီခွဲခန့်က Taxi ကားမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဆိုင်းဘုတ်တိုင်အားဝင်တိုက်မိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

“ကျောက်တိုင်မှတ်တိုင်နားက Max ဆီဆိုင်ရှေ့လမ်းဘေးက ဆိုင်းဘုတ်တိုင်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာ။ ကားမောင်းလာတဲ့လူက အသက်(၃၅)နှစ်လောက်ရှိပြီ”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် ယာဉ်မောင်းဖြစ်သူမှာ ကားခေါင်းအတွင်းညှပ်နေကာ ရင်ဘတ်နှင့် ဒူးခေါင်းတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက် သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မနောဖြူလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ပေးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် Taxi မောင်းသူသည် ဆေးကုသမှုခံယူနေစဥ် စက်တင်ဘာ (၂၅) ရက် နံနက် (၂) နာရီခွဲခန့်က သေဆုံးသွားခဲ့ကြောင်း သာကေတ မြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here