ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းနေ

0
187

တရုတ်နိုင်ငံသို့ ယခု စက်တင်ဘာလအတွင်းမှ စတင်ကာ ပြောင်းများတင်ပို့‌နေပြီး ပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

“အသင်းအနေနဲ့ ထိုင်းက အဝယ်ရပ်တဲ့အခါ တရုတ်နိုင်ငံကို ရောင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိမှာလည်း ဗီယက်နမ်နိုင်ငံနဲ့ တရုတ်နိုင်ငံကို စက်တင်ဘာလကနေစပြီးတင်ပို့နေပါပြီ” ဟုမြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ပြောင်းတင်ပို့မှုကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ယင်းသို့ တင်ပို့ရာတွင်လည်း အကောက်ခွန် ကင်းလွတ်ခွင့်ကာလအနေဖြင့် ဖေဖော်ဝါရီ (၁) ရက်မှ သြဂုတ် (၃၁) ရက်အထိ သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ နှစ်စဉ် ပြည်ပသို့ ပြောင်းတင်ပို့မှုမှာ တန်ချိန် (၂) သန်း ခန့်ရှိပြီး ထိုင်းနိုင်ငံသို့ တန်ချိန် (၁) သန်းခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ယခုနှစ်တွင် တန်ချိန် ၄ သိန်း တင်ပို့နိုင်ရန် ခန့်မှန်းထားပြီး ကျန်ရှိသည့်ပမာဏအတွက် ဗီယက်နမ်နှင့် ဖိလစ်ပိုင်သို့ ခွဲ၍တင်ပို့သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုတွင်ပြောင်းကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here