ပြင်သစ် သံတမန်နှင့် စစ်တပ်ကို နိုင်ဂျာနိုင်ငံမှ ရုပ်သိမ်း

0
482

ပြင်သစ်နိုင်ငံ၏ သံတမန်အဖွဲ့နှင့် စစ်တပ်ကို နိုင်ဂျာနိုင်ငံမှ ရုပ်သိမ်းမည်ဟု ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က ပြောကြားလိုက်သည်။

“လာမယ့်နာရီပိုင်းအတွင်း ကျွန်ုပ်တို့ရဲ့ သံအမတ်ကြီးနဲ့ သံတမန်အများအပြား ပြင်သစ်နိုင်ငံကို ပြန်လာမှာပါ” ဟု မက်ခရွန်က တနင်္ဂနွေနေ့တွင် ရုပ်မြင်သံကြားအင်တာဗျူးတစ်ခု၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြီးဆုံးသွားပြီဖြစ်ပြီး နိုင်ဂျာနိုင်ငံအတွင်း တပ်စွဲထားသော ပြင်သစ်တပ်ဖွဲ့ဝင် ၁,၅၀၀ ကိုလည်း လာမည့်လများနှင့် သီတင်းပတ်များအတွင်း အပြီးအပိုင် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း မက်ခရွန်က ထပ်လောင်းပြောကြားခဲ့သည်။

ဇူလိုင် ၂၆ ရက် အာဏာသိမ်းမှုကို အသိအမှတ်ပြုရန် ပြင်သစ်နိုင်ငံက ငြင်းဆိုလိုက်ပြီးနောက် ပြင်သစ်သံတမန်များ နိုင်ဂျာနိုင်ငံတွင်းမှ ထွက်ခွာရန် တောင်းဆိုခဲ့သည့် နိုင်ဂျာနိုင်ငံ၏ အုပ်ချုပ်သူအသစ်များသည် ပြင်သစ်သမ္မတ၏ ကြေညာချက်ကို ကြိုဆိုခဲ့ကြသည်။

“ဒီတနင်္ဂနွေနေ့မှာ နိုင်ဂျာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဦးတည်တဲ့ ခြေလှမ်းသစ်တစ်ခုကို ဂုဏ်ပြုပါတယ်” ဟု နိုင်ဂျာအမျိုးသားရုပ်မြင်သံကြားတွင် ဖတ်ကြားထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။ “ဒီအချိန်ဟာ နိုင်ဂျာလူမျိုးတွေရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ဆန္ဒကို ပြောပြတဲ့ သမိုင်းဝင်အခိုက်အတန့်ပါပဲ” ဟု ၎င်းတို့က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here