ပြည်တွင်းရွှေဈေး (၃၅) သိန်း အောက်သို့ ပြန်လည်ကျဆင်းလာ

0
436

အကယ်ဒမီ အခေါက်ရွှေ (၁) ကျပ်သား သိန်း (၄၀) နီးပါးရှိခဲ့ရာမှ (၃၅) သိန်းအောက်ထိ ကျဆင်းလာကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ သိရသည်။

ယနေ့ ပြည်တွင်း ရွှေဈေးနှုန်းမှာ (၁၆) ပဲရည်တစ်ကျပ်သားလျှင် ၃၄၉၀၀၀၀ ကျပ်ဖြစ်ပြီး ငွေလဲနှုန်းမှာတစ်ဒေါ်လာလျှင် ၃၃၇၀ အထိ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ရွှေဈေး၊ ဒေါ်လာဈေး စံချိန်တင်မြင့်တက်လာမှုကြောင့် ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများက စျေးကစားသူများကို အရေးယူမည်ဟု အသိပေး ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်းဈေးကျလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရွှေဈေးကတော့ ဆက်တိုက်ကျလာပြီ။ ဒါပေမဲ့ အရောင်းအဝယ်ကတော့ အေးသေးတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

လက်ရှိတွင်ဈေးနှုန်းပြန်လည်ကျဆင်းလာခြင်းဖြစ်ပြီး လက်ရှိဈေးကွက်အခြေအနေသည် မှန်းရခက်သ ည့် အနေအထားတွင်ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here