နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအား ယနေ့ရက်စွဲဖြင့် ပြင်ဆင်ဖွဲ့စည်း

0
715

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ယနေ့ စက်တင်ဘာ (၂၅) ရက် ရက်စွဲဖြင့် ပြင်ဆင်ဖွဲ့စည်းကြောင်း နစက က သတင်းထုတ်ပြန်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအား ပြင်ဆင်ဖွဲ့စည်းကြောင်း အမိန့်အမှတ် ၈၅/၂၀၂၃ ဖြင့် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ ဒု-ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့ပြီး အတွင်း ရေးမှူးအဖြစ် ဒု-ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အ တွင်းရေးမှူးအဖြစ် ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့က တာဝန်ယူထားသည်။

ထို့အပြင် နစက အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒု- ဗိုလ်ချုပ်ကြီးညိုစော၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမော င်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ ပါဝင်ကြောင်း အမိန့်ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ အမိန့်အား နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here