ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်အား မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ရန် အမိန့်ထုတ်

0
410

ယခင်ပြည်ထဲရေး ဝန်ကြီးဟောင်း ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ၊ နစက အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်အား မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ရန် ယနေ့ ရက်စွဲဖြင့် အမိန့်ထုတ်လိုက်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုးကာ အမိန့်အမှတ် ၈၆/၂၀၂၃ ဖြင့် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ နေရာတွင် ယခင် စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးအား ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စု ဝန်ကြီးအဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း အမိန့်အမှတ် ၈၇/၂၀၂၃ ဖြင့် ယနေ့အမိန်ထုတ်ပြန်ခဲ့သည်။

စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၏နေရာတွင် ဦးထွန်းအုံအား အစားထိုး ခန့်အပ်တာဝန်ပေးလိုက်ကြောင်းလည်း အမိန့်အမှတ် ၈၈/၂၀၂၃ ဖြင့် ယနေ့ စက်တင်ဘာ (၂၅) ရက်တွင် အမိန့်ထုတ်ပြန်ထားသည်။

အဆိုပါ အမိန့်အမှတ် ၈၆/၂၀၂၃ အရ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်မှာ ပြည်ထောင်စုဝန်ကြီးရာထူးအပြင် နစက အဖွဲ့ဝင်အဖြစ်မှပါ အနားပေးခံလိုက်ရခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here